မြန်မာ တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေးသီတင်းပတ်
နွေရာသီကျောင်းပိတ်ရက် ကုန်လွန်ပြီး စာသင်နှစ်သစ်အတွက် ကျောင်းအပ်နှံနေကြပြီ။ အဖြူအစိမ်း ၀တ်စုံလေးတွေနဲ့ ကလေးတွေကို မြင်နေရတာ ကြည်နူးအေးချမ်းစရာ။ ဆရာ၊ဆရာမများကးလေးတွေကို ကိုယ်တိုင်ကျောင်းအပ်နှံပေးကြတယ်။ အချို့ကလေးတွေကိုတော့ မိဘများက လိုက်အပ်ပေးကြတယ်။ မြင်မြင်သမျှ ဖြူစိမ်းလေးတွေက နိုင်ငံ့အနာဂါတ် ကြယ်ပွင့်လေးတွေ။ "သားတို့ နှစ်သစ်မှာ စာပိုကြိုးစားကြနော်" လို့ပြောနေတဲ့ ဆရာမတွေရဲ့ အသံတွေက ဝေေ၀စည်နေတယ်။ တက်ကြွနေတဲ့ ကလေးတွေမှာ သာယာလှပတဲ့ ၊ ကြီးကျယ်မြင့်မြတ်တဲ့ အနာဂါတ်တွေရှိတယ်။
"သားကြီးလာရင် ဘာလုပ်မှာလဲ"
"သားက Doctor ကြီးလုပ်မှာ" "သမီးက Engineer မကြီးလုပ်မှာ" "သားက စစ်ဗိုလ်ကြီးလုပ်မှာ" "Sailor ကြီးလုပ်မှာ"
ဒါတွေက ကျွန်တော်တို့ပတ်ဝန်းကျင် မိဘနဲ့ ကလေးတွေကြားထဲမှာ ကြားနေကြစကားတွေပဲ။
ကလေးတွေက တာဝန်ကျေပါတယ်။ သူတို့ ဆရာဝန်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ အင်ဂျင်နီယာတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ စစ်ဗိုလ်ကြီးတွေ ဖြစ်ခဲ့ကြတယ်။
ဒါပေမဲ့ ---------
B-E ဘွဲ့ရလို့ Engineer ကောင်းတစ်ယောက်မဟုတ်ဘူး။ ပခုံးထက်မှာ အပွင့်တွေတင်ထားလို့ စစ်ဗိုလ်ကောင်းတစ်ယောက်မဟုတ်ဘူး။
M-B-B-S ဘွဲ့ရထားလို့ ဆရာဝန်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။ အထက်တန်းကျောင်းရဲ့ အမြင့်ဆုံးဖြစ်တဲ့ တက်ကသိုလ်ဝင်တန်း စာမေးပွဲမှာ ကလေးတွေအမှတ်ကောင်းအောင် ကြိုးစားခဲ့ကြတယ်။ ဂုဏ်ထူးများအောင်ကြိုးစားခဲ့ကြတယ်။ သူတို့က တာဝန်ကြေပါတယ်။ ပြီးရင် Institute တစ်ခုကိုတက်တာပဲ။
ဒါပေမဲ့ ------
ကျက်-ဖြေ-အောင် စာမေးပွဲတွေနောက်ကွယ်မှာ ကလေးအများစု အတွေးအခေါ်တွေခေါင်းပါးနေခဲ့ကြတယ်/
စာတွေရဲ့ အဓိပါယ်တွေကို သူတို့ နားမလည်ဘူး။ ဓါတုဗေဒ သဘောတရားတွေကို သူတို့ နားမလည်ဘူး။ ရူပဗေဒ နိယာမတွေကို သူတို့ စိတ်မ၀င်စားဘူး။ ဇီဝဗေဒရဲ့ Generation ဖြစ်စဉ်တွေကို သူတို့ သတိမပြုခဲ့ကြဘူး။
စာမေးပွဲအများစုမှာ နားလည်သဘောပေါက်နိုင်စွမ်းမေးခွန်းတွေထက် ကျက်-ဖြေ မေးခွန်းတွေက ပိုများနေတယ်။ ကလေးတွေက စာမြင်ရင်ကျက်တော့တာပဲ။ သဘောတရား မတွေးတော့ဘူး။ ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်လာခဲ့ကြတယ်။ မူလတန်းကနေ ကိုးတန်းအထိ တစ်နှစ်တစ်တန်း အောင်လာခဲ့ကြတယ်။ နောက်တော့ ဘွဲ့တွေရခဲ့ကြတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ဘွဲ့ရတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့တွေမှာ အလုပ်မရှိဘူး။ သူတို့သင်ခဲ့ဖူးတဲ့ ဘာသာရပ်တွေနဲ့ ပက်သတ်၍ တစ်ကယ်တတ်သူတွေက အနည်းငယ်ပဲရှိတယ်။ အများစုက တက်ကသိုလ် တက်ရင်း ပျော်ရင်းပါးရင်းနဲ့ ဘွဲ့ရခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတွင်းမှာ အလုပ်လက်မဲ့တွေ များလာတယ်။
ဒါတွေက အခြေခံပညာရေးစနစ် ညံ့ဖျင်းမှုတွေ။ ငယ်စဉ်က အတွေးအခေါ်နိမ့်ကျမှုတွေ။ မိမိဘ၀ ဖွံ့ဖြိုးတိုးတက်အောင် မစဉ်းစားမတွေးခေါ်တတ်ခဲ့တဲ့ ကလေးတွေက မိသားစုကို အကူအညီမပေးနိုင်ဘူး။ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်တွေကို ဖွံ့ဖြိုးအောင် မလုပ်နိုင်ဘူး။ နိုင်ငံတော်ကို အကူအညီမပေးနိုင်ဘူး။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြေခံပညာရေးစနစ်က အရမ်းအရေးကြီးပါတယ် ။ စာမေးပွဲမေးခွန်းတွေမှာ ကျက်ဖြေမေးခွန်းတွေထက် နားလည်သဘောပေါက်နိုင်စွမ်း မေးခွန်းတွေ ပိုများသင့်ပါတယ် ။
ဖြူစိမ်းဝတ်စုံနဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေ သားတို့သမီးတို့ရဲ့ နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဖို့က သားတို့သမီးတို့ကို အားကိုးရမှာပါ ။ သားတို့သမီးတို့က စားမေးပွဲမှာ အမှတ်ကောင်းအောင် ကြိုးစားတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူးကောင်းတွေ တွေးတတ်အောင် ကြိုးစားကြပါ ။ ဒီနေရာမှာ သားတို့သမီးတို့ကိုဆရာ ၊ ဆရာမတွေနဲ့ မိဘတွေက တွေးခေါ်တတ်အောင် နည်းလမ်းပြပေးပါလိမ့်မယ် ။
သားတို့ သမီးတို့ရေ
စဉ်းစားကြပါ တွေးကြပါ
အမှန်တရားကို ဆုပ်ကိုင်ထားကြပါ ....။
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်မှာ
အနာဂတ်ကြယ်ပွင့်လေးတွေ ထွန်းတောက်နိုင်ကြပါစေ.... ။
komyohtet
ဂန္ဓ၀င်ဖွန်ကြောင်(ခေါ်) ရှည်ကြီး(ခေါ်) ကျော်မျိုးထက် သိစေရန်
ReplyDeleteသင့် ငပေါ ငကြောင် လုပ်ရပ်များရပ်တန်းကရပ်သင့်ပြီ မရပ်ကသေဒဏ်
ပုံ/
သင့်ဆရာ
ပလိပ်(ခေါ်)
စိုးဝေကျော်