သူ့ကိုယ်သူ ပူမှန်းမသိဘဲ လောကကို အလင်းဓာတ် အနွေးဓာတ် ပေးခဲ့တယ် ........
အခုတော့ သူ အနားယူတော့မယ် ဆိုဘဲ ! ! !
ဒါပေမဲ့ ....
သူ ရုတ်တရက် ထွက်သွားတာ မဟုတ်ဘူး
ညနေခင်းလေးကို အလှဆင်ခဲ့သေးတယ် .......
ရုံးပြန်လာသူတွေ အလုပ်ကပြန်လာသူတွေ ကြည်နူးစေဖို့ လှပတဲ့ကောင်းကင်တစ်ခုကို ဖန်တီးပေးနေသေးတယ် ....
ကျွန်တော်အလုပ်က ပင်ပန်းတယ် ဆိုပေမဲ့ ပြန်လာချိန်တိုင်း အေးချမ်းတဲ့ အလှတရားကို ပြုံးပြုံးကြီးပေးနေတဲ့
နေ၀န်းနီနီလေးကို အမြဲငေးကြည့်မြဲ .............
တစ်နေ့မှာ ........
ထုံးစံအတိုင်း ကျွန်တော်က အလုပ်ကပြန်လာ ... သူကလည်း ထုံးစံအတိုင်း အပြုံးမပျက် လောကအလှဖြည့်ဆီးပေးစဉ်
မထင်မှတ်ဘဲ အတွေးတစ်စ ခေါင်းထဲဝင်လာမိတယ်
" ငါတို့ တွေ လုပ်ချင်တာတွေ လုပ်ပြီးသွားရင်တောင် ဆည်းဆာချိန်ရောက်ရင် နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲ ။ တို့နိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတတွေရှိတယ် ။
ဒါပေမဲ့ နည်းပညာတွေ ................
လူစွမ်းအားအရင်းအမြစ်တွေ ................. "
စဉ်းစားရင်းနဲ့ ခေါင်းတွေ မူးခဲ့ရပြီ
ကျွန်တော်တို့လို အခြေခံလူတန်းစားတွေရဲ့ ဘ၀တွေ ဒီလိုနဲ့ နိဂုံးချုပ်နေရပြီလား ........
" တွေးရင်း ........ စဉ်းစားရင်း .........
စဉ်းစားရင်း.......... တွေးရင်း .......... "
No comments:
Post a Comment