ရခဲလှတဲ့ လူ့ဘဝ
ဖြစ်တည်မှုတိုင်းရဲ့ ရလဒ်တွေနဲ့ဖွဲ့စည်းထားတဲ့ လောကကို
အောချကာကြည့်မိတော့
ပြောသမျှဒေါထစရာကြည့်ကြုံ.....
ရခဲလှတဲ့ လူ့ဘဝ
အစကပြန်ကြည့် ပကတိငမွဲ
ဆင်းရဲဖို့လူဖြစ်လာ
ဆဲရေးကာ ယမကာသောက်....
မျက်ရည်ပေါက်ကြီးငယ်နဲ့ လောကငရဲထဲကျုပ်ပြန်ရောက်...
အမောပြေကြိုလိုက်ပုံက
ဟဲ့...သေနာ...မူးလာပြန်ပလားတဲ့.....
ခေါင်းငိုက်စိုက်နဲ့မီးဖိုဝင်...
ခုံးခွက်ပက်လန် ဒန်အိုးဖုံးလှန်မိတော့
အနီရောင်ထမင်းရင်ကွဲနဲ့
ချဉ်ပေါင်ငရုတ်သီး အရည်ကျဲက
ကျုပ်ကို...ကြေကွဲစွာကြည့်နေလေရဲ့ဗျာ....
- သူရ(လယ်ဝေး)
No comments:
Post a Comment