Monday, June 11, 2012
Saturday, June 2, 2012
GOOD NIGHT
ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ
ကျွန်တော် တစ်ယောက်ထဲ လွမ်းခဲ့တဲ့ ည ကပေါ့။
ကျွန်တော် တစ်ယောက်ထဲ လွမ်းခဲ့တဲ့ ည ကပေါ့။
Good Night !
I'm lonely without you
Miss you so much.
Good Night !
A cup of coffee, some cigarettes and one guitar
There were ready beside me.
Good Night !
May I sing a song of longing.
You can hear through the breeze if you want.
Good Night !
I pray that
you may sleep well and sweet dream.
But,
for me .................
GOOD NIGHT !!!!!!!!!!!
Monday, May 28, 2012
နေပြည်တော်သား
ကျွန်တော်တို့မြို့လေးနဲ့ မနီးမဝေးရွာကလေးသို့ လွန်ခဲ့သောတစ်လကျော်လောက်က သူငယ်ချင်းတစ်ယောက်ဆီ အလည်ရောက်သွားဖြစ်ခဲ့တယ် ။ ကျွန်တော်ရောက်ရှိချိန်က ညနေ နေ၀င်ချိန် ။ သူငယ်ချင်းနဲ့ စကားပြောနေစဉ်မှာပဲ နေ၀င်သွားခဲ့ပြီ ။ အပြန်ခရီးလမ်း ခက်ခဲလို့ ရွာမှာတစ်ညအိပ်ရန် သူတောင်းဆိုတော့ ကျွန်တော်ကလည်း အိပ်မယ်ပေါ့ ။
ဒီလိုနဲ့ ကျွန်တော်က ရွာဘေးက ချောင်းထဲမှာ ရေချိုး ။ ညစာကို အိမ်ရှေ့က ကွပ်ပျစ်လေးမှာ စားလိုက်ကြတယ် ။
အဲဒီနေ့က လပြည့်ည ----
လမင်းကြီးက လောက တစ်ခွင် အလင်းဖြန့်ကျက်ထားလိုက်တာ အရာရာကို ရှင်းလင်းပြတ်သားစွာ မြင်နေရတယ် ။ ရွာအနီးက ထုံးဖြူစေတီလေးက လရောင်အောက်မှာ ဆည်းလည်းသံတွေ ပျံလွင့်လို့ ။ ကျွန်တော်တို့လည်း ကွပ်ပျစ်လေးပေါ်မှာ ကြည်နူးအေးချမ်းစွာနဲ့ စကားလုံးတွေ အံထုတ်ခဲ့ကြတယ် ။
နောက်ဆုံးပေါ် Computer တွေ ပါတယ် ။
i-phone အသစ်တွေ ------
i-pad တွေ ------
ဆက်သွယ်ရေး ကွန်ယက် Internet တွေ ------
ကမ္ဘာကျော် facebook အကြောင်း --- Blogger တွေအကြောင်း
နိုင်ငံတွင်း ပါတီတွေ------ ရာသီဥတုဖေါက်ပြန်မှုတွေ ------- ရာသီဥတု ဖေါက်ပြန်မှုတွေကြောင့် တောင်သူများ သီးနှံအထွက်နှုန်း ဆိုးရွားစွာ ညံ့ဖျင်းမှုတွေ -------
သီးနှံအထွက်လျှော့နေပါတယ်ဆိုမှ အဓိက စိုက်ပျိုးတဲ့ စပါး၊မတ်ပဲ ဈေးနှုန်းကျဆင်းနေခြင်းတွေ -----
ဒါကြောင့် ကျေးလက်နေတောင်သူများ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရမှုတွေ -----
ဒါ့အပြင် စီမံကိန်း Project တွေ ကြောင့် လယ်မြေမြောက်များစွာ အသိမ်းခံရမှုတွေ ----
ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်ခဲ့ပြီးမှ အသိမ်းခံရခြင်းကြောင့် တောင်သူကြီးတွေရဲ့ ၀မ်းနည်းကြေကွဲမှုတွေ -------
လယ်မြေအသိမ်းခံရမှုကြောင့် လယ်ပိုင်ရှင်ဘ၀မှ သာမန် လက်လုပ်လက်စား ဖြစ်နေရတဲ့ တောင်သူဘ၀တွေ ------ အစရှိသဖြင့် ရောက်တတ်ရာရာ ပြောဆိုလိုက်ကြတာ သော်တာလမင်းကြီး ခေါင်းပေါ်ကကျော်လွန်၍ ရွာအလယ် ကင်းတဲက သံချောင်းခေါက်သံ နှစ်ချက်ကြားမှ အိပ်ဖို့ သတိရကြတယ် ။
ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်အိပ်ရာထဲဝင် ------ ဒါပေမဲ့ ----- ပြတင်းပေါက်က ၀င်လာတဲ့ လရောင်ကြောင့် ကျွန်တော်အိပ်မပျော်ဘဲ တစ်ယောက်ထဲ အတွေးနယ်ချဲ့ရင်း ------
ဒီညလေးက ကျွန်တော်အတွက် အမှတ်တရ ညလေး ပေါ့ ---- နံနက်မိုးလင်းတော့ ကျွန်တော်ကမြို့ပြန် ---နောက်တစ်ခါ အလည်ပြန်လာရန် သူငယ်ချင်းပြောတော့ ကျွန်တော်ကလည်း ပြန်လာမယ်ပေါ့ --------
-----------
-------------------
---------------------------
---------------------------------
မြို့မှာ ဆူညံမှုတွေရှိတယ် ။ မော်တော်ကားသံတွေ ၊ ဆိုင်ကယ်သံတွေ ။ ဥဒဟို သွားလာနေတဲ့ အရောင်အသွေးစုံ လူတွေနဲ့ --------
Rap သီချင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်ထားတဲ့ လက္ဘရည်ဆိုင်တွေ -------
မင်းက Rap ဆို ငါက Pop ---- သူက Pop ဆို ငါက Rock ---- ဆိုပြီး အပြိုင် ဖွင့်ထားလိုက်တာ နေရာတိုင်းလိုလို -------
ပိုက်ဆံရှိတဲ့ သူတွေအတွက် " ၀ " ဆေးရောင်းတဲ့ Beer ဆိုင်တွေရှိတယ် ။ အောက်ခြေလူတန်းစား ယမကာကြိုက်သူတွေအတွက်အရက်ပုန်းရောင်းတဲ့ ဆိုင်တွေက မှိုလို ပေါက်နေတယ် ။
ညရောက်ပြီဆို ကျွန်တော်တို့ မြို့လေးက လျှပ်စစ်မီးရောင်တွေ ထိန်ထိန်ညီးလို့ -------
အိမ်တိုင်းလိုလို မီးသီးတစ်မျိုး ၊ ဖန်ချောင်းတစ်ဖုံ လင်းလင်းထိန်နေတယ် ။ လမ်းမထက်မှာလည်း " မင်းတို့ထက် ငါပိုလင်းတယ် " ဆိုပြီး ခေါင်းမော့ထားတဲ့ မာကျူရီမီးသီးတွေက နေရာယူထားတယ် ။
မြို့နေလူထုက လပြည့် ၊ လကွယ် ဆိုတာ ဥပုပ်နေ့လို့သာ သတိထားမိပြီး ဒီနှစ်တွေမှာ လရောင်ကို ခံစားဖို့ မေ့နေကြတယ် ။
ကျွန်တော်တို့ မြို့က 24 နာရီလုံး မီးလာနေတဲ့ မြို့ ! ! ! ! !
မိုးသည်းထန်စွာ ရွာသွန်းလို့ မီးပျက်လည်း ခဏပေါ့ --- ပြီးရင်ပြန်လာတာပဲ -----
ဒါ ---- ကျွန်တော့်ရဲ့ မြို့ -------
-------------
--------------------
---------------------------
မနေ့က ရွာကလေးကို ပြန်ရောက်သွားခဲ့တယ် ။ ညရောက်တော့ တစ်ရွာလုံး တိတ်ဆိတ်လို့ -- ရှေ့ ၀ါးတစ်ပြန်တောင် သဲကွဲစွာ မမြင်ရဘူး ---- ကျွန်တော်တစ်ချိန်က ရောက်ခဲ့ စဉ်နဲ့ ပြောင်းပြန် ---- ညရဲ့ အလှတွေ ပျောက်ဆုံးလို့ နေတယ် ။
လမင်းလေးက --- ခုံးမျက်စ ----- သုံးရက်လလေး ------
အရင်တစ်ခါ ရောက်ခဲ့ စဉ်က လရောင်ကြောင့် သာယာလှပခဲ့တဲ့ ညမှာ လျှပ်စစ်မီးရောင်ကို သတိမထားခဲ့ဘူး ---- အခုမှ ကျေးရွာလေးရဲ့ အဓိက လိုအပ်ချက်ကို သတိပြုမိတယ် ။ ကျွန်တော်တို့ နိုင်ငံမှာ ကျေးရွာတွေကို လျှပ်စစ်ဓါတ်အား မပေးနိုင်ဘူးလား ? ? ?
ဂျာနယ်တွေထဲမှာ ဖတ်ဖူးတာက တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓါတ်အားသုံးစွဲမှုထက် ထုတ်လုပ်နိုင်မှုက ပိုများနေလို့ နိုင်ငံခြားကိုတောင် ရောင်းစားနေရတယ်ဆိုပဲ ------- နိုင်ငံရဲ့ ဘယ်နေရာတွေမှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု များနေတာလဲ ? ? ?
အခုဆိုရင် မန္တလေးမှာ လျှပ်စ်ဓါတ်အား အပြည့်အ၀မရလို့ ဖယောင်းတိုင်တွေထွန်းပြီး မီးရရှိရေးအတတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ် --------!
ရန်ကုန်မှာလဲ အတူတူ ------ အုပ်စုသုံးစုခွဲပြီး တစ်ရက်ကို ခြောက်နာရီကြာမီးဖြတ်ပြီး အလှည့်ကျမီးပေးစနစ်နဲ့ ဖြန့်ဖြူးပေးနေတယ် ။ ပြည်သူတွေက မီးအပြည့်အ၀ရရေးအတွက် ညအခါမှာ ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒပြနေကြပြီ -----
ဒီလိုနဲ့ ---- ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကြီးလာပြီး ပဲခူး ၊ မကွေးတို့အထိ ပြန့်နှံ့လာပြီ။ နိုင်ငံတော်က မြို့ကြီးတွေကို လျှပ်စစ်ဓါတ်အပြည့်အ၀ရအောင် ဆောင်ရွက်ပေးနိုင်ပါ့မလား ------- ? ? ?
ရန်ကုန် ၊ မန္တလေးလို မြို့ကြီးတွေတောင် လျှပ်စစ်ဓါတ်ဖြတ်တောက်ခံနေရတာ ---- အခု ကျွန်တော်ရောက်နေတဲ့ ရွာလေးအပါအ၀င် ကျေးရွာပေါင်း မြောက်များစွာမှာ လျှပ်စစ်မီးရောင်မမြင်ရတာ မထူးဆန်းပါဘူး --------
ဒါပေမဲ့ ------
ကျွန်တော့်ရဲ့ မြို့လေးကတော့
24 နာရီလုံး
မီးအားအပြည့် လာနေတာပဲ ။
ဒီလိုဆို ပြည်သူတွေအားလုံးအကြားမှာ ကျွန်တော်တို့ မြို့လေးရဲ့ ပြည်သူတွေက ကံကောင်းနေတာလား ------
သူများတွေ လျှပ်စစ်မီးနဲ့ အလုပ်မလုပ်နိုင်တဲ့ အချိန်မှာ ကျွန်တော်တို့ အလုပ်လုပ်နိုင်တယ်။
သူများတွေ Entertainment မကြည့်ရှုနိုင်ချိန်မှာ ကျွန်တော်တို့ ကြည့်နိုင်တယ် ။
သူများတွေ ညရဲ့ အမှောင်ထုကို ဖယောင်းတိုင်မီးနဲ့ အံတုနေချိန်မှာ ကျွန်တော်တို့က ရောင်စုံမီးရောင်တွေအောက်မှာ အမှောင်ဆိုတာ ဘာမှန်းမသိ နေ နေခဲ့ကြတယ် ။
ဒီလိုဆို ကျွန်တော်တို့မြို့လေးရဲ့ ပြည်သူတွေက ကံကောင်းနေတာလား ? ? ဒါမှမဟုတ် လျှပ်စစ်မီးမရတဲ့ နေရာဒေသက ပြည်သူတွေ လျှပ်စစ်ဓါတ်နဲ့ ပက်သတ်လို့ ကံဆိုးနေတာလား ? ? ? ?
ဒါပေမဲ့ ---
လျှပ်စစ်ဓါတ်မရတဲ့ ပြည်သူတွေကို
တစ်ခုတော့ ပြောပါရစေ ---
ကျွန်တော်က
" နေပြည်တော် သား "
Sunday, May 20, 2012
အနာဂါတ် ကြယ်ပွင့်လေးများ
မေ 25 - မေ 31
မြန်မာ တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေးသီတင်းပတ်
နွေရာသီကျောင်းပိတ်ရက် ကုန်လွန်ပြီး စာသင်နှစ်သစ်အတွက် ကျောင်းအပ်နှံနေကြပြီ။ အဖြူအစိမ်း ၀တ်စုံလေးတွေနဲ့ ကလေးတွေကို မြင်နေရတာ ကြည်နူးအေးချမ်းစရာ။ ဆရာ၊ဆရာမများကးလေးတွေကို ကိုယ်တိုင်ကျောင်းအပ်နှံပေးကြတယ်။ အချို့ကလေးတွေကိုတော့ မိဘများက လိုက်အပ်ပေးကြတယ်။ မြင်မြင်သမျှ ဖြူစိမ်းလေးတွေက နိုင်ငံ့အနာဂါတ် ကြယ်ပွင့်လေးတွေ။ "သားတို့ နှစ်သစ်မှာ စာပိုကြိုးစားကြနော်" လို့ပြောနေတဲ့ ဆရာမတွေရဲ့ အသံတွေက ဝေေ၀စည်နေတယ်။ တက်ကြွနေတဲ့ ကလေးတွေမှာ သာယာလှပတဲ့ ၊ ကြီးကျယ်မြင့်မြတ်တဲ့ အနာဂါတ်တွေရှိတယ်။

"သားကြီးလာရင် ဘာလုပ်မှာလဲ"
"သားက Doctor ကြီးလုပ်မှာ" "သမီးက Engineer မကြီးလုပ်မှာ" "သားက စစ်ဗိုလ်ကြီးလုပ်မှာ" "Sailor ကြီးလုပ်မှာ"
ဒါတွေက ကျွန်တော်တို့ပတ်ဝန်းကျင် မိဘနဲ့ ကလေးတွေကြားထဲမှာ ကြားနေကြစကားတွေပဲ။
ကလေးတွေက တာဝန်ကျေပါတယ်။ သူတို့ ဆရာဝန်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ အင်ဂျင်နီယာတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ စစ်ဗိုလ်ကြီးတွေ ဖြစ်ခဲ့ကြတယ်။
ဒါပေမဲ့ ---------
B-E ဘွဲ့ရလို့ Engineer ကောင်းတစ်ယောက်မဟုတ်ဘူး။ ပခုံးထက်မှာ အပွင့်တွေတင်ထားလို့ စစ်ဗိုလ်ကောင်းတစ်ယောက်မဟုတ်ဘူး။
M-B-B-S ဘွဲ့ရထားလို့ ဆရာဝန်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။ အထက်တန်းကျောင်းရဲ့ အမြင့်ဆုံးဖြစ်တဲ့ တက်ကသိုလ်ဝင်တန်း စာမေးပွဲမှာ ကလေးတွေအမှတ်ကောင်းအောင် ကြိုးစားခဲ့ကြတယ်။ ဂုဏ်ထူးများအောင်ကြိုးစားခဲ့ကြတယ်။ သူတို့က တာဝန်ကြေပါတယ်။ ပြီးရင် Institute တစ်ခုကိုတက်တာပဲ။

ဒါပေမဲ့ ------
ကျက်-ဖြေ-အောင် စာမေးပွဲတွေနောက်ကွယ်မှာ ကလေးအများစု အတွေးအခေါ်တွေခေါင်းပါးနေခဲ့ကြတယ်/
စာတွေရဲ့ အဓိပါယ်တွေကို သူတို့ နားမလည်ဘူး။ ဓါတုဗေဒ သဘောတရားတွေကို သူတို့ နားမလည်ဘူး။ ရူပဗေဒ နိယာမတွေကို သူတို့ စိတ်မ၀င်စားဘူး။ ဇီဝဗေဒရဲ့ Generation ဖြစ်စဉ်တွေကို သူတို့ သတိမပြုခဲ့ကြဘူး။
စာမေးပွဲအများစုမှာ နားလည်သဘောပေါက်နိုင်စွမ်းမေးခွန်းတွေထက် ကျက်-ဖြေ မေးခွန်းတွေက ပိုများနေတယ်။ ကလေးတွေက စာမြင်ရင်ကျက်တော့တာပဲ။ သဘောတရား မတွေးတော့ဘူး။ ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်လာခဲ့ကြတယ်။ မူလတန်းကနေ ကိုးတန်းအထိ တစ်နှစ်တစ်တန်း အောင်လာခဲ့ကြတယ်။ နောက်တော့ ဘွဲ့တွေရခဲ့ကြတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ဘွဲ့ရတွေ အများကြီးပဲ။ ဒါပေမဲ့ သူတို့တွေမှာ အလုပ်မရှိဘူး။ သူတို့သင်ခဲ့ဖူးတဲ့ ဘာသာရပ်တွေနဲ့ ပက်သတ်၍ တစ်ကယ်တတ်သူတွေက အနည်းငယ်ပဲရှိတယ်။ အများစုက တက်ကသိုလ် တက်ရင်း ပျော်ရင်းပါးရင်းနဲ့ ဘွဲ့ရခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတွင်းမှာ အလုပ်လက်မဲ့တွေ များလာတယ်။
ဒါတွေက အခြေခံပညာရေးစနစ် ညံ့ဖျင်းမှုတွေ။ ငယ်စဉ်က အတွေးအခေါ်နိမ့်ကျမှုတွေ။ မိမိဘ၀ ဖွံ့ဖြိုးတိုးတက်အောင် မစဉ်းစားမတွေးခေါ်တတ်ခဲ့တဲ့ ကလေးတွေက မိသားစုကို အကူအညီမပေးနိုင်ဘူး။ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်တွေကို ဖွံ့ဖြိုးအောင် မလုပ်နိုင်ဘူး။ နိုင်ငံတော်ကို အကူအညီမပေးနိုင်ဘူး။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အခြေခံပညာရေးစနစ်က အရမ်းအရေးကြီးပါတယ် ။ စာမေးပွဲမေးခွန်းတွေမှာ ကျက်ဖြေမေးခွန်းတွေထက် နားလည်သဘောပေါက်နိုင်စွမ်း မေးခွန်းတွေ ပိုများသင့်ပါတယ် ။
ဖြူစိမ်းဝတ်စုံနဲ့ အနာဂါတ်ကြယ်ပွင့်လေးတွေ သားတို့သမီးတို့ရဲ့ နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဖို့က သားတို့သမီးတို့ကို အားကိုးရမှာပါ ။ သားတို့သမီးတို့က စားမေးပွဲမှာ အမှတ်ကောင်းအောင် ကြိုးစားတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူးကောင်းတွေ တွေးတတ်အောင် ကြိုးစားကြပါ ။ ဒီနေရာမှာ သားတို့သမီးတို့ကိုဆရာ ၊ ဆရာမတွေနဲ့ မိဘတွေက တွေးခေါ်တတ်အောင် နည်းလမ်းပြပေးပါလိမ့်မယ် ။
သားတို့ သမီးတို့ရေ
စဉ်းစားကြပါ တွေးကြပါ
အမှန်တရားကို ဆုပ်ကိုင်ထားကြပါ ....။
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်မှာ
အနာဂတ်ကြယ်ပွင့်လေးတွေ ထွန်းတောက်နိုင်ကြပါစေ.... ။

komyohtet
Subscribe to:
Posts (Atom)